အောင်ဘာလေထီလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူကံစမ်းနိုင်ကြောင်း အသိပေးကြေညာခြင်း

၁။      အောင်ဘာလေထီလက်မှတ်များအား အွန်လိုင်းမှတစ်ဆင့် ဝယ်ယူကံစမ်းနိုင်ရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် Service Provider အဖြစ် တင်ဒါအောင်မြင်ခဲ့သည့် Telecom International Myanmar Co.,Ltd တို့ပူးပေါင်း၍ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ ထီကံစမ်းလိုသူ မိဘပြည်သူများအနေဖြင့် Aung Bar Lay Application မှတစ်ဆင့် ထီလက်မှတ် တစ်စောင်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ () ရက်နေ့မှစတင်၍ ဝယ်ယူကံစမ်းနိုင်ပြီ ဖြစ်ပါသည်။

၂။       Android နှင့် iOS ဖုန်းများအတွက် Aung Bar Lay Application ကို https://aungbarlay.ird.gov.mm/#/ Link မှလည်းကောင်း၊ အောက်ပါ QR Code မှလည်းကောင်း၊ Download ရယူနိုင်ပါသည်။ Android နှင့် iOS ဖုန်းများအတွက် Install ပြုလုပ်ပုံအဆင့်ဆင့်ကို www.ird.gov.mm တွင် ဝင်ရောက်လေ့လာ နိုင်ပါသည်။ Web View ကိုအသုံးပြုရမည့် URL Link မှာ https://aungbarlayonline.ird.gov.mm/ ဖြစ်ပါသည်။

၃။      Aung Bar Lay Application ၏ တံဆိပ်အမှတ်အသား (Logo) မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

၄။      အောင်ဘာလေထီလက်မှတ်များကို အွန်လိုင်းမှဝယ်ယူကံစမ်းလိုသူ မိဘပြည်သူများအနေဖြင့် Application မှတဆင့် မိမိတို့နှစ်သက်ရာ အက္ခရာနှင့်နံပါတ်အား ရွေးချယ်ဝယ်ယူခြင်း၊ စနစ်မှ အလိုအလျောက် ရွေးချယ်ပေးသော အက္ခရာနှင့် နံပါတ်အား ဝယ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထီလက်မှတ် ဝယ်ယူပြီးပါက ဝယ်ယူထားသည့် ထီ လက်မှတ်များကို ဝယ်ယူသူ၏ Account တွင် ပြန်လည်ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်ပါသည်။

၅။      ဝယ်ယူကံစမ်းခဲ့သည့် အောင်ဘာလေအွန်လိုင်းထီလက်မှတ်များထဲမှ ကံထူးခဲ့ပါကလည်း ကံထူးရှင်၏ဖုန်းနံပါတ်သို့ စာတို (SMS) ပေးပို့အကြောင်းကြားခြင်း၊ ကျပ် ၁၀ သိန်းနှင့်အောက် ထီဆုငွေများဖြစ်ပါက Application မှတဆင့် ထီဆုငွေ ထုတ်ယူနိုင်ရန်အတွက် လျှို့ဝှက်ကုတ်နံပါတ် (Security Code) ပေးပို့ခြင်းတို့ကိုဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၆။      အောင်ဘာလေအွန်လိုင်းထီ ဆုငွေထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ ကျပ် ၁၀ သိန်းနှင့်အောက် ထီဆုငွေများကို အီလက် ထရောနစ်ငွေပေးချေမှုစနစ်ကိုအသုံးပြု၍ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါကြောင်းနှင့် မိဘပြည်သူများအနေဖြင့် အောင်ဘာ လေထီလက်မှတ်များကို Application မှ ဝယ်ယူကံစမ်းရာတွင် ပထမအဆင့်အနေဖြင့် KBZ Pay AYA Pay CB Pay uab Pay နှင့် Mytel Pay များကို အသုံးပြုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၇။      ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အပြင် လက်ရှိ ကျင့်သုံးလျက်ရှိသော ထီလက်မှတ်များပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် အောင်ဘာလေသိန်းဆုထီစနစ်ကိုလည်း ဆက်လက်ကျင့်သုံးမည်ဖြစ်ပါသည်။ အောင်ဘာလေအွန်လိုင်းထီအတွက် ထီဖွင့်ပွဲကို (၅၂) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ပူးတွဲကျင်းပသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၈။      အသေးစိတ်သိရှိလိုပါက Aung Bar Lay Application စည်းကမ်းချက်များကဏ္ဍနှင့် အမေးအဖြေကဏ္ဍတို့တွင် ဝင်ရောက်လေ့လာနိုင်သည့်အပြင် Application အားအသုံးပြုရာတွင် အခက်အခဲတစ်စုံတစ်ရာကြုံတွေ့ရပါက Mytel Hotline No 777၊ အခြား Operator Hotline No 09677000777 နှင့် E-mail လိပ်စာ [email protected] Application ၏ အထောက်အပံ့ကဏ္ဍတွင် ဖော်ပြထားသည့် တယ်လီဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာများသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင် ပါသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန