ဌာနတွင်းစာရင်းစစ်ဆေးခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

ဌာနတွင်း စစ်ဆေးရေးနှင့် ပတ်သက်သော အခြေခံစည်းမျဉ်းစည်းကမ်းများနှင့် အစိုးရကဏ္ဍ တွင် အသုံးပြုနေသော ဌာနတွင်းစစ်ဆေးရေးပညာရပ်ကို မိတ်ဆက်ရန်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနအတွင်း ဌာနတွင်းစစ်ဆေးရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံသဘောတရားများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဌာနတွင်း စာရင်းစစ်ဆေးခြင်း အလုပ်ရုံဆွေးနွေးပွဲ(Internal Audit Workshop) ကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စစ်ဆေးရေးဌာနခွဲ တွင် ယနေ့ ၂-၈-၂၀၁၈ နံနက် ၉:၃၀ နာရီ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်မြမြဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂ ရက်၊ ၃ ရက်၊ ၆ ရက်၊ ၇ ရက်နေ့ များတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဦးဆောင်ဆွေးနွေးမည့်သူမှာ Internal Audit Adviser Mr. Ross Fraser ဖြစ်ပြီး ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ စစ်ဆေးရေးဌာနခွဲ ညွှန်ကြားရေးမှူး၊ ဦးထင်အောင်ကျော် ဦးဆောင်သော အရာထမ်း/ အမှုထမ်း အင်အား (၂၀)ဦးတို့က တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။