မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၆၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် မြို့နယ် အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၆၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ ၁-၈-၂၀၁၈ ရက်နေ့ နံနက် ၀၈:၃၀ နာရီ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့် ဌာနအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

 အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးက သင်တန်းဖွင့်ပွဲအမှာစကား ပြောကြားခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တ (၉)ပတ်ကြာမြင့်မည်ဖြစ်ကာ  တက်ရောက်မည့် သင်တန်းသားဦးရေမှာ (၈၀)ဦးဖြစ်ပါသည်။