သံတောင်ကြီးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး ရုံးသစ်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပခြင်း

 

                        ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ပြည်တွင်းအခွန်များဦးစီးဌာန သံတောင်ကြီးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး ရုံးသစ်ဖွင့်ပွဲကို ယနေ့ ၈-၈-၂၀၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် ကရင်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးသင်းထွဋ်ဟန် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခြင်း၊ ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များပက်ဖျန်းခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။ 

                       အဆိုပါ ရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်၊  ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ ဖိတ်ကြား ထားသူ (၃၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။