အခွန်ရငွေကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကောက်ခံရရှိမှု အခြေအနေအား အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းတွက်ချက်နိုင်ရန် ရည်ရွယ်၍ အခွန်ရငွေကြိုတင်ခန့်မှန်းခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Revenue Forecasting Workshop)ကို နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ လေ့ကျင့်ရေးသင်တန်းခန်းမတွင် ၁-၈-၂၀၁၈ ရက်နေ့မှ ၂-၈-၂၀၁၈ ရက်နေ့အထိ (၂)ရက် တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် World Bank မှ Economic Analyst Mr. Thanapat Reungsri နှင့် IMF မှ Policy and Legal Adviser Mr. Michael Oomen တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်မူဝါဒနှင့် သုတေသနဌာနခွဲမှ အရာထမ်း/အမှုထမ်း (၁၁)ဦးနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ အရာထမ်း/အမှုထမ်း (၃)ဦး စုစုပေါင်း ဝန်ထမ်း (၁၄)ဦးတို့က တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။