(၁၇) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲ ကျင်းပခြင်း

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့် အမှတ် ၃၈၄ ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌ (၁၇)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ယနေ့ ၁-၈-၂၀၁၈ ရက်နေ့ နံနက် ၈:၀၀ နာရီမှ ၁၀:၁၅ နာရီအထိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ဦးဆောင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ထီဖွင့်ပွဲ၌ ကျပ် သိန်း တစ်သောင်းဆုကြီးအပါအဝင် ထီဆုမဲပေါင်း (၁၂၄၁၈၂) ဆုအား ဖွင့်လှစ်ပေးခဲ့ပါသည်။

ယခု (၁၇)ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲ မှ ထွက်ရှိလာသော ကျပ်သိန်း တစ်သောင်းမှ ကျပ်သိန်း တစ်ရာအထိ ဆုမဲများကို ၂-၈-၂၀၁၈ ရက်နေ့ ရုံးချိန်အတွင်း စတင်ထုတ်ယူနိုင်မည်ဖြစ်ပြီး ကျန်ဆုမဲများအားလုံးကို ၁၃-၈-၂၀၁၈ ရက်နေ့မှစ၍ ရုံးချိန်အတွင်း ထုတ်ယူနိုင်မည်ဖြစ်ပါသည်။