၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခမ်းမတွင် ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လ ၂၀ ရက်နေ့၌ ကျင်းပ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး၊ ဦးနေလင်းစိုးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (အငြိမ်းစား) ဦးထင်လင်းကျော် တို့က ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူး(၄၀)ဦးနှင့် အခွန်ထမ်းပြည်သူ (၁၅၁) ဦး စုစုပေါင်း (၁၉၁)ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။