ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှုအခြေအနေ

နေပြည်တော် ​ဇူလိုင်လ ၂၁

          ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၄၆၇၀.၅၉၄ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၆၅.၁၆% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၆၀၄.၀၇၉ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၈၁၆ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၄၀၆၅.၆၉၉ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

          ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၁၉၀၉.၉၆၈ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၆၀၄.၂၀၂ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၉၅၂.၅၀၄ ဘီလီယံ၊ ရတနာခွန် ကျပ် ၁၀.၀၇၂ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၇၅.၈၆၅ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၁၇.၉၈၃ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။