စီးပွားရေးလုပ်ငန်း

၆။ TAXATION (စည်းကြပ်ခြင်း)

အထူးကုန်စည်ခွန်

အထူးကုန်စည်များ ပြည်တွင်းသို့တင်သွင်းပါက အောက်ပါအတိုင်း အထူးကုန်စည်ခွန်ကျသင့်ပါသည်။

အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနက ဖော်ပြသော ရောင်းစျေးတန်ဖိုးနှင့် ပြည်တွင်းအခွန်များဦးစီးဌာနစီမံခန့်ခွဲမှုကော်မတီက ခန့်မှန်း သတ်မှတ်သည့်ရောင်းစျေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးအပေါ်တွင်  အထူးကုန်စည်ခွန်ကျသင့်ပါမည်။

အထူးကုန်စည်များ ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါက အောက်ပါအတိုင်းကျသင့်ပါမည်။

ကုန်သွယ်လုပ်ငန်းခွန်

ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်ပါမည်။

အဆောက်အအုံများ ဆောက်လုပ်ရောင်းချခြင်းမှ ရောင်းရငွေများအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၃% ကျသင့်ပါမည်။

ရွှေထည်လက်ဝတ်ရတနာများရောင်းချရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၁ % ကျသင့်ပါမည်။

ဝင်ငွေခွန်

လုပ်ငန်းဝင်ငွေကို တွက်ချက်ရာတွင် ယင်းဝင်ငွေရရှိရန် ကုန်ကျစရိတ်များနှင့် ပစ္စည်းတန်ဖိုးလျော့ငွေကို နုတ်ပေးပါသည်။ ဝင်ငွေမှကုန်ကျစရိတ်နုတ်ပယ်ပြီး အသားတင်အမြတ်ဝင်ငွေအပေါ်တွင်  ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် ကျသင့်ပါမည်။

(လုပ်ငန်းမှကျသင့်မည့်အခွန်ကို Tax Calculator link တွင် ဝင်ရောက်တွက်ချက် ခန့်မှန်းနိုင်ပါသည်။)