မှတ်ပုံတင်ခြင်းနှင့်ကြေညာလွှာတင်ခြင်း

၃။ REGISTRATION & FILING(မှတ်ပုံတင်ခြင်းနှင့် ကြေညာလွှာတင်သွင်းခြင်း)

မှတ်ပုံတင်ရန်၊လုပ်ငန်းစတင်ကြောင်းအကြောင်းကြားစာပေးပို့ရန်မလိုပါ  

ကြေညာလွှာတင်သွင်းခြင်း (Filing)

အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန်ကျသင့်သည့်ကုန်စည်များ တင်သွင်းလျှင်အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့တင်သွင်းရမည်။ အထူးကုန်စည်ခွန်ကျသင့်သည့် ကုန်စည်များထုတ်လုပ်တင်ပို့လျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၈ ကို သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ သုံးလပတ်ကုန်ဆုံးပြီးနောက်တစ်လအတွင်း ပေးပို့ရမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊ နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန်မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များ ထုတ်လုပ်၊ ရောင်းဝယ်ခြင်းဖြစ်လျှင် သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာ ပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာ ပုံစံ ပတခ(ကသခ)-  ၆ ကိုလည်းကောင်း၊ သုံးလပတ်ကုန်ဆုံးပြီး နောက်တစ်လအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
နှစ်တစ်နှစ်အတွင်းလုပ်ငန်းက ရရှိသည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ နှင့်စပ်လျဉ်း၍-
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာ ပုံစံ ပတခ(ကသခ)-၁၂  ကိုလည်းကောင်း၊
 သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်းသက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးမှူးထံပေးပို့ရမည်။

ဝင်ငွေကြေညာလွှာ
နှစ်ချုပ်ဝင်ငွေကြေညာလွှာပုံစံ   ပတခ ( ဝင )  -  ၁  ကို  ဝင်ငွေနှစ်ကုန်ဆုံးပြီး  သုံးလအတွင်း သို့မဟုတ် သက်ဆိုင်သောနှစ်အတွက် နှစ်ချုပ်စာရင်းများပြုစုပြီးသည့်နေ့မှ ရက်ပေါင်း(၃၀)အတွင်း  သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။
- ပြည်ထောင်စုအစိုးရ၏ စာရင်းစစ်ဆေးခြင်းအစီအစဉ်အရ စစ်ဆေးပြီးစီးသောအခါ သက်ဆိုင်ရာနှစ်အတွက် မူလကြေညာထားသည့်အခွန်ငွေနှင့် ကွာခြားခဲ့လျှင် စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ ရရှိပြီးနောက်  ရက်ပေါင်း(၃၀) အတွင်း ကြေညာလွှာအသစ်ပေးပို့ရမည်။
 (forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
- အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်(SAS) ကျင့်သုံးသည့်ရုံးများတွင် စည်းကြပ်မှု ခံယူလျှက်ရှိသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် အဆိုပါအခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်(SAS)နည်းလမ်းအတိုင်း အသုံးပြုရမည့်(SASForm) ပုံစံများကို အသုံးပြုဆောင်ရွက်ရပါမည်။
(SAS form ပုံစံများကိုလည်း forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)