သက်သာခွင့်

Tax Relief.
အခွန်သက်သာခွင့်    

ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားတို့၏ ဝင်ငွေအပေါ် အောက်ပါ သက်သာခွင့်များရရှိမည်ဖြစ်ပါသည်။(ဝင်ငွေခွန်ဥပဒေပုဒ်မ၆)
- အခြေခံသက်သာခွင့်(စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း၊ကျပ်သိန်း ၁၀၀ ထက် မပိုစေရ)
- အတူနေမိဘအတွက်သက်သာခွင့်(တစ်ဦးလျှင်  ကျပ် ၁၀ သိန်းစီ)
- အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင်သက်သာခွင့်(ကျပ် ၁၀ သိန်း)
- သားသမီးအတွက်သက်သာခွင့်(တစ်ဦးလျှင် ကျပ် ၅ သိန်းစီ)
-အသက်အာမခံအတွက်ပေးရသည့်ပရီမီယံ(အခွန်ထမ်းနှင့်အိမ်ထောင်ဖက်အတွက်)
- လူမှုရေးရန်ပုံငွေသို့ထည့်ဝင်ငွေ(အခွန်ထမ်းအတွက်သာ)
ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက သက်သာခွင့်မရရှိပါ။(၂၀၁၈ခုနှစ် ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ (၂၂))