ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် မတ်လ ၃၀

        ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၂၇၁၂.၈၀၆ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၄၀.၇၄% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၃၁၀.၆၄၅ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၆၁၂ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၂၄၀၁.၅၄၉ ဘီလီယံ ပါဝင်ကြောင်း သိရှိရ ပါသည်။

        ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၁၁၀၇.၁၂၄ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၈၈၁.၃၀၀ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၆၀၅.၁၈၂ ဘီလီယံ၊ ရတနာခွန် ကျပ် ၇.၆၀၁ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၄၃.၉၈၃ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၆၇.၆၁၆ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။