ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု အခြေအနေ

နေပြည်တော် စက်တင်ဘာလ ၁၈

    ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ အခွန်အရပ်ရပ်ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၆၂၀၆.၃၆၁ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၈၆.၅၈% ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှု တွင် နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၁၂၃၅.၉၁၁ ဘီလီယံ၊ သမဝါယမကဏ္ဍမှ ကျပ် ၀.၈၈၄ ဘီလီယံနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၄၉၆၉.၅၆၆ ဘီလီယံ ပါဝင်ကြောင်း သိရှိရပါသည်။

    ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ အခွန်တစ်မျိုးချင်းကောက်ခံရရှိမှု အခြေအနေမှာ ဝင်ငွေခွန် ကျပ် ၂၉၅၃.၈၆ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၈၉၅.၅၉၆ ဘီလီယံ၊ အထူးကုန်စည်ခွန် ကျပ် ၁၁၀၀.၃၄၅ ဘီလီယံ၊ ရတနာခွန် ကျပ် ၁၁.၆၄၄ ဘီလီယံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၉၉.၁၉၆ ဘီလီယံ နှင့် အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၄၅.၇၂ ဘီလီယံ တို့ဖြစ်ကြောင်း သိရှိရပါသည်။