မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးလိုသူများကို အဆိုပြုလွှာများ ဖိတ်ခေါ်ခြင်း

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးလိုသူများကိုအဆိုပြုလွှာများ ဖိတ်ခေါ်ခြင်း                              

 

၁။      ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ နိုင်ငံတော်သို့ အခွန်ငွေ များပေးဆောင်လျက်ရှိရာတွင် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် မိုဘိုင်းငွေပေးချေမှုနှင့် အီလက်ထရောနစ် ငွေပေးချေမှုများဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိကဘဏ်များတွင် အသုံးပြုလျက်ရှိသော ခေတ်မီ ICT နည်းစနစ်များဖြစ်သည့် i-Banking၊ Mobile Banking စနစ်များ အသုံးပြု၍လည်းကောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု အဖွဲ့အစည်းများ၏ Mobile Payment စနစ်များ အသုံးပြု၍လည်းကောင်း ပေးဆောင်နိုင်ရန် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

၂။      သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများက လစဉ်ထမ်းဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ သုံးလတစ်ကြိမ် ထမ်းဆောင်ရသည့် ဝင်ငွေခွန်များကို မိုဘိုင်းငွေပေးချေမှု စနစ်များဖြင့် ဝန်ဆောင်မှုပေးလိုသည့်ဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေးအဖွဲ့အစည်းများသို့ စိတ်ပါဝင်စားမှုဖော်ပြချက် (Expression of Interest-EOI) အဆိုပြုလွှာများ ပေးပို့တင်ပြရန် ဖိတ်ခေါ်အပ်ပါသည်။

၃။      အဆိုပြုလွှာ (EOI)ကို ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆၊ နေပြည်တော်သို့ လိပ်မူ၍ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၃၀ ရက်၊ (၁၄:၀၀ နာရီ) နောက်ဆုံး ထား၍ ပေးပို့ရမည်ဖြစ်ပါသည်။

၄။      အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များကို သတင်းအချက်အလက် နှင့် နည်းပညာဌာနခွဲ၊ ပြည်တွင်းအခွန်များဦးစီးဌာန ဖုန်း-၀၆၇-၃၄၃၀၀၀၆၊ ၀၆၇-၃၄၃၀၄၁၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

ပြည်တွင်းအခွန်များဦးစီးဌာန