(၂၄) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့်ပတ်သက်၍ ကြေညာချက်

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊  ဇန်နဝါရီ လ ၂၈  ရက်)

၁။   ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်ကျင်းပမည့် (၂၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် မူလထီလက်မှတ်များကို “က” အက္ခရာမှ အစဉ်လိုက် “ကဇ”ထိ စုစုပေါင်းအက္ခရာ (၄၁)လုံး၊ ထီစာအုပ်(၃၃၅၄၅၃၈) အုပ် ရောင်းချခဲ့ရာတွင် ကုန်စင်အောင်ရောင်းချနိုင်ခဲ့သည့်အပြင် ဝယ်လိုအားမြင့်တက်လာသည့်အတွက် အရန်ထီအက္ခရာ “ကဈ” တစ်လုံး၊ ထီစာအုပ် ( ၈၁၈၁၈ ) အုပ်ကိုလည်း ကုန်စင်အောင် ထပ်မံရောင်းချနိုင်ခဲ့ပါသည်။

၂။   (၂၄) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက်ရောင်းချရသည့် အက္ခရာမှာ အရန်ထီအပါအဝင် စုစုပေါင်းအက္ခရာ (၄၂) လုံးဖြစ်ပါသည်။ ရောင်းချခဲ့ရသည့် ထီအုပ်ရေမှာ (၃၄၃၆၃၅၆) အုပ်ဖြစ်ပြီး ထီလက်မှတ် စောင်ရေမှာ (၃၇၇၉၉၉၁၆) စောင်ဖြစ်ပါသည်။

၃။   ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်း (၃၄၃၆၃.၅၆၀) ဖြစ်သဖြင့် ၆၀% ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်း (၂၀၆၁၈.၁၃၆) ဖြစ်ပါသည်။

၄။   အဆိုပါ ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှ အောက်ဖော်ပြပါဆုမဲများ ချီးမြှင့်သွားမည်ဖြစ်ပါသည်-

(က) အထူးဆုကြီးစနစ်
  (၁) ကျပ်သိန်းတစ်သောင်းငါးထောင် = (၁) ဆု
  (၂) ကျပ်သိန်းတစ်သောင်း = (၁) ဆု
  (၃) ကျပ်သိန်းငါးထောင် = (၂) ဆု
  (၄) ကျပ်သိန်းနှစ်ထောင် = (၄) ဆု
  (၅) ကျပ်သိန်းတစ်ထောင် = (၈) ဆု
(ခ) ဆုတစ်ဆုချင်းစနစ်
  (၁) ကျပ်သိန်းငါးရာ = (၂၃) ဆု
  (၂) ကျပ်သိန်းနှစ်ရာ = (၂၃) ဆု
  (၃) ကျပ်သိန်းတစ်ရာ = (၂၄) ဆု
  (၄) ကျပ်သိန်းငါးဆယ် = (၂၅) ဆု
  (၅) ကျပ်သိန်းနှစ်ဆယ် = (၂၇) ဆု
  (၆) ကျပ်ဆယ်သိန်း = (၂၉) ဆု
(ဂ) ဝေဝေဆာဆာပဒေသာဆုမဲစနစ်
  (၁) ကျပ် သုံးသိန်း = (၂၀၀) ဆု
  (၂) ကျပ် နှစ်သိန်း = (၂၀၀၀) ဆု
  (၃) ကျပ် တစ်သိန်း = (၂၀၀၀၀) ဆု
  (၄) ကျပ် ငါးသောင်း = (၂၂၀၀၀၀) ဆု

၄။   ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိသောဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း (၂၅၀) အား တစ်ဆုချင်းဆုမဲ ကျပ် ၁၀ သိန်း (၄) ဆုနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်း (၂၀) ဆုကျပ် ၂ သိန်း (၂၀၀) ဆုကျပ် ၁ သိန်း (၂၀၀၀) ဆုစုစုပေါင်း( ၂၂၂၄) ဆု ကိုလည်းထပ်မံချီးမြှင့်ပေးမည်ဖြစ်ပါသည်။

၅။   (၂၄) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၂.၂၀၂၁) ရက်နေ့ (တနင်္လာနေ့)၊ နံနက် (၈:၀၀) နာရီအချိန်တွင် အမှတ် (၃၈၄)၊ မဟာဗန္ဓုလလမ်းနှင့် (၃၇) လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။