(MPFMp) အစီအစဉ်အရ နိုင်ငံတကာသတင်းအချက်အလက်နှင့်နည်းပညာကျွမ်းကျင်သူ အကြံပေးပုဂ္ဂိုလ် (International Position of Information Technology Expert (Individual Consultant) )ကို ငှားရမ်းရန် အဆိုပြုလွှာများ ဖိတ်ခေါ်ထားရှိခြင်း

ပြည်တွင်းအခွန်များဦးစီးဌာန အနေဖြင့် အခွန်စီမံခန့်ခွဲမှုနှင့် အခွန်စည်းကြပ်မှုလုပ်ငန်းများတွင် ခေတ်မီ ICT နည်းပညာများဖြင့် အခွန်ထမ်းပြည်သူများအား ပိုမိုထိရောက်ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Commerical-Off-The-Shelf (COTS) Product ဖြစ်သည့် Integrated Tax Administration System (ITAS) စနစ်ကို ကမ္ဘာ့ဘဏ်၏ ချေးငွေ/ထောက်ပံ့ငွေများဖြင့် ဝယ်ယူတပ်ဆင်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းစဉ်တွင် အထောက်အကူ ဖြစ်စေရန်အတွက် ပြည့်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံဖြိုး တိုးတက်ရေးစီမံကိန်း (MPFMp) အစီအစဉ်အရ နိုင်ငံတကာ သတင်းအချက်အလက်နှင့်နည်းပညာကျွမ်းကျင်သူ အကြံပေးပုဂ္ဂိုလ် (International Position of Information Technology Expert (Individual Consultant) )ကို ငှားရမ်းရန် အဆိုပြုလွှာများ ဖိတ်ခေါ်ထားပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက World Bank ၏Website: http://projects.worldbank.org/procurement/noticeoverview?lang=en&id=OP00057288 တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။