MPFMp Implementation Support Mission နှင့် အစည်းအဝေး ကျင်းပခြင်း

   နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၉-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ Myanmar Public Finance Management Project (MPFMp) ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်ရန်နှင့် ကြိုတင်စီစဉ်ထားသော လုပ်ငန်းဆောင်ရွက်မှု များအားလုံး ပြီးမြောက်အောင်မြင်စေရေးတို့အတွက် ရည်ရွယ်၍ လာရောက်သည့် ကမ္ဘာ့ဘဏ်၏ MPFMP Implementation Support Mission နှင့် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

   အဆိုပါအစည်းအဝေးတွင် MPFMp ၏ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စေရေးအတွက် World Bank မှ Mr. Atul B Deshpande နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မြမြဦးတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး DFID မှ တာဝန်ရှိသူများ၊ DFAT မှ တာဝန်ရှိသူများ၊ Denmark မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။