Myanmar – Japan Joint Initiative Tax Affairs ကျင်းပခြင်း

နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၀-၈-၂၀၁၈ ရက်နေ့ မွန်းလွဲ ၂:၃၀ နာရီ၌ Myanmar – Japan Joint Initiative Tax Affairs အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒ) ဦးဇေယျကြည်ညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ကြီးကြပ်) ဦးသန်းဇော်ဝင်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ဂျပန်နိုင်ငံမှ Mr. Sunao ISHIMARU ၊ JCCM (Japan Chamber of Commerce and Industry, Myanmar)အဖွဲ့မှ တာဝန်ရှိသူများ JETRO (Yangon Office) မှ တာဝန်ရှိသူများ၊ JICA (Myanmar Office)မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။