Why IRD may contact you?

ပြည်တွင်အခွန်များဦးစီးဌာနသည် အခွန်ထမ်းအား အောက်ပါအခြေအနေများတွင် အကြောင်းကြား ဆက်သွယ်နိုင်ပါသည်-

  • မှတ်ပုံတင်ရန်လျှောက်လွှာတင်သွင်းရန် သို့မဟုတ် လုပ်ငန်းစတင်လုပ်ကိုင်ကြောင်း အကြောင်းကြား စာပေးပို့ရန် ပျက်ကွက်သည့်အချိန်၊
  • ဝင်ငွေခွန်ဥပဒေအရ သုံးလတစ်ကြိမ် ကြိုတင်ခွန်ပေးသွင်းရန် ပျက်ကွက်သည့်အချိန်၊
  • ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် လစဉ်အခွန်ပေးသွင်းရန် ပျက်ကွက်သည့် အချိန်၊
  • ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် သုံးလတစ်ကြိမ်ကြေညာလွှာတင်သွင်းရန် ပျက်ကွက်သည့်အချိန်၊
  • ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်ဥပဒေတို့အရ နှစ်ချုပ်ကြေညာ လွှာများပေးပို့ရန် ပျက်ကွက်သည့်အချိန်၊
  • လစာခေါင်းစဉ်နှင့် အကျုံးဝင်သည့် ဝင်ငွေမှ ဝင်ငွေခွန်လစဉ်နုတ်ယူသော စာရင်းပေးပို့ ရန်နှင့် လစာနှစ်ချုပ်စာရင်းပေးပို့ရန် ပျက်ကွက်သည့်အချိန်၊
  • ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်ဥပဒေတို့အရ အထောက်အထား များပြသရန်နှင့် သတင်းအချက်အလက်များပေးပို့ရန် အကြောင်းကြားသည့်အချိန်၊
  • ပြန်အမ်းငွေရရန်ရှိကြောင်း အကြောင်းကြားသည့်အချိန်၊
  • အခွန်စာရင်းစစ်ဆေးရန် သို့မဟုတ် စုံစမ်းစစ်ဆေးရန် လိုအပ်သည့်အချိန်၊
  • အခွန်ထမ်းများအား အခွန်ဥပဒေပါအချက်အလက်များနှင့် ပတ်သတ်၍ ရှင်းလင်းစွာ သိရှိနားလည်စေရန် အခွန်ပညာပေးများပြုလုပ်သည့်အချိန်၊