သက်သာခွင့်

သက်သာခွင့် ( Relief )

ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ အောက်ပါသက်သာခွင့်များ ရရှိပါသည်။
- အခြေခံသက်သာခွင့် (စုစုပေါင်းဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ ထက်မပိုစေရ)
- အတူနေမိဘအတွက် သက်သာခွင့် (တစ်ဦးလျှင် ၁၀ သိန်းစီ)
- အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် သက်သာခွင့် (ကျပ် ၁၀ သိန်း)
- သားသမီးအတွက် သက်သာခွင့် (တစ်ဦးလျှင် ကျပ် ၅ သိန်းစီ)
- အသက်အာမခံအတွက် ပေးရသည့်ပရီမီယံ (အခွန်ထမ်းနှင့်အိမ်ထောင်ဖက်အတွက်)
- လူမှုဖူလုံရေးရန်ပုံငွေသို့ထည့်ဝင်ငွေ (အခွန်ထမ်းအတွက်သာ)
- တစ်ဦးချင်းပုဂ္ဂိုလ်( ပြည်ပနေနိုင်ငံခြားသား)များအနေဖြင့် အထက်ပါသက်သာခွင့်များ မရရှိ ပါ။(၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက် ဥပဒေပုဒ်မ (၂၄))