အခွန်ပေးဆောင်ခြင်း

၄။ အခွန်ပေးဆောင်ခြင်း။ (Payment)

အထူးကုန်စည်ခွန်
- အထူးကုန်စည်များတင်သွင်းလျှင် (ကုန်စည်ကိုရွေးယူခြင်းမပြုမီ)
- အထူးကုန်စည်များထုတ်လုပ်လျှင်(ရောင်းချသည့်လကုန်ဆုံးပြီး ၁၀ရက်အတွင်း)
- အထူးကုန်စည်ခွန်တင်ပို့လျှင်(တင်ပို့သည့်လ၏လကုန်ဆုံးပြီး ၁၀ရက်အတွင်း)
ပေးဆောင်ရပါမည်။ (အထူးကုန်စည်ခွန်ဉပဒေပုဒ်မ ၈)    

လစဉ်ကုန်သွယ်လုပ်ငန်းခွန်    
    ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် လုပ်ငန်းဖြစ်လျှင် သက်ဆိုင်ရာလကုန်ဆုံးပြီး ၁၀ရက်အတွင်း လစဉ် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရပါမည်။

ကြိုတင်ဝင်ငွေခွန်
    သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည်။ ပတခ(ဝင)-၁၈ ပုံစံချလန်ဖြင့် ပေးသွင်းရမည် ဖြစ်ပါသည်။

အပြီးသတ်စည်းကြပ်မှုအရပေးဆောင်ခြင်း
 အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင်စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
 - အပြီးသတ်စည်းကြပ်မှုအရ ပေးပို့လာသည့် ကုန်သွယ်လုပ်ငန်းခွန် အခွန်တောင်းခံလွှာ ပတခ(ကသခ)-၁၇၊ ဝင်ငွေခွန်တောင်းခံလွှာ ပတခ(ဝင)-၈ အရ ထပ်မံပေးဆောင်ရမည့် အခွန်များကို အခွန်တောင်းခံလွှာပါ သတ်မှတ်နေ့ရက်အတွင်း ပေးဆောင်ရပါမည်။
  အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်တွင် အခွန်ထမ်းဆောင်နေကြသော ကုမ္ပဏီများအနေဖြင့် -
 - ကုမ္ပဏီမှတင်သွင်းသည့် ကြေညာလွှာသည် မှန်ကန်ပြည့်စုံ၍ အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်ရုံးကလက်ခံကြောင်း Confirmation Letter အားလက်ခံရရှိပါက မိမိ၏ ကြေညာလွှာ တွင်ဖော်ပြထားသည့်အတိုင်း အခွန်ပေးသွင်းရပါမည်။
 -အခွန်စာရင်းစစ်အဖွဲ့၏စာရင်းစစ်ဆေး၍ အခွန်ထမ်းတင်သွင်းထားသည့် ကြေညာလွှာနှင့် ကွဲလွဲချက်တွေ့ရှိပါက  အခွန်စာရင်းစစ်ဆေးချက်အရ အခွန်တောင်းခံလွှာ (SAS-3) ဖြင့် သက်ဆိုင်ရာအခွန်ထမ်းထံပေးပို့ပါမည်။  လက်ခံရရှိချိန်တွင် ကွဲလွဲချက်အရ ထပ်မံပေးသွင်းရမည့် အခွန်နှင့်ဒဏ်ငွေများကို ထပ်မံပေးဆောင်ရန်တာဝန်ရှိပါည်။