မှတ်ပုံတင်ခြင်းနှင့်ကြေညာလွှာတင်ခြင်း

၃။ အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့်ကြေညာလွှာတင်သွင်းခြင်း(Registration & Filing)

အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration)

- လုပ်ငန်းစတင်လုပ်ကိုင်လျှင် လုပ်ငန်းစတင်ကြောင်းအကြောင်းကြားစာပုံစံ ပတခ (ကသခ)-၃ဖြင့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အကြောင်းကြား ရမည်။
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်လုပ်ငန်းဖြစ်လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးတွင် ပုံစံပတခ(ကသခ)-၂ ဖြင့် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်လွှာ တင်သွင်းရပါမည်။ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးက  မှတ်ပုံတင်ခွင့်ပြုကြောင်း လုပ်ငန်းရှင်မှတ်ပုံတင်ပုံစံ ပတခ(ကသခ)-၂ ကိုထုတ်ပေးပါမည်။
- အထူးကုန်စည်ခွန် ထုတ်လုပ်၊တင်ပို့လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် လျှောက်လွှာပုံစံ ပတခ(အထခ)-၁ကို နှစ်စဉ် တင်သွင်းရပါမည်။ ဆိုင်ရာအခွန်ရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်းပုံစံ(အထခ)-၂ကို ထုတ်ပေးမည်ဖြစ်ပါသည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅)

 

ကြေညာလွှာတင်သွင်းခြင်း (Filing) 

အထူးကုန်စည်ခွန်ကြေညာလွှာ

- အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များ တင်သွင်းသူသည် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။ အထူးကုန်စည်ခွန်ကျသင့်သည့်ကုန်စည်များ ထုတ်လုပ်တင်ပို့သူသည် အထူးကုန်စည်ခွန်ကြေညာလွှာပုံစံပတခ(အထခ)-၈ကို သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း ပေးပို့ရမည်။(အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊ နှစ်ချုပ် ကြေညာလွှာတင်သွင်းရန်မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ

- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များထုတ်လုပ်၊ ရောင်းဝယ်ခြင်း ဖြစ်လျှင် သုံးလတစ်ကြိမ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)- ၅ ကို လည်းကောင်း၊
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)- ၆ ကိုလည်းကောင်း၊သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ

- နှစ်တစ်နှစ်အတွင်းကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ(ကျပ်သိန်း၅၀၀ကျော်လျှင်) ယင်းနှစ်အတွက်
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ-)၁၂ ကိုလည်းကောင်း၊
သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ ပေးပို့ရမည်။

ဝင်ငွေခွန်ကြေညာလွှာ

- ဝင်ငွေကြေညာလွှာ ပုံစံပတခ(ဝင)-၁ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။
- အခွန်စည်းကြပ်ခြင်းမပြုမီ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်သည့် ဝင်ငွေကြေညာလွှာကို ပေးပို့နိုင်ပါသည်။
   (forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)