အခွန်ပေးသွင်းခြင်း

၄။အခွန်ပေးဆောင်ခြင်း(PAYMENT)

အထူးကုန်စည်ခွန်

- အထူးကုန်စည်များတင်သွင်းလျှင် (ကုန်စည်ကို ရွေးယူခြင်းမပြုမီ)
- အထူးကုန်စည်များ ထုတ်လုပ်လျှင်(ရောင်းချသည့်လကုန်ဆုံးပြီး (၁၀)ရက်အတွင်း)
- အထူးကုန်စည်ခွန်တင်ပို့လျှင်(တင်ပို့သည့်လ၏လကုန်ဆုံးပြီး(၁၀)ရက်အတွင်း) ပေးဆောင်ရပါမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈)    

လစဉ်ကုန်သွယ်လုပ်ငန်းခွန်          

 ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်လုပ်ငန်းဖြစ်လျှင်(သက်ဆိုင်ရာလကုန်ဆုံးပြီး(၁၀)ရက် အတွင်း) လစဉ်ကုန်သွယ်လုပ်ငန်းခွန်  ပေးဆောင်ရပါမည်။

ကြိုတင်ဝင်ငွေခွန်

 သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည်။ ပတခ(ဝင)-၁၈ ပုံစံချလန်ဖြင့် ပေးသွင်း ရမည်ဖြစ်ပါသည်။
 လစာဝင်ငွေခွန်ကျသင့်သည့် ဌာနဝန်ထမ်းများ၏  လစာဝင်ငွေခွန်ကို လစာငွေထုတ်ပေးရန် တာဝန်ရှိသည့် ငွေထုတ်သူအရာရှိက လစာမှဖြတ်တောက်၍ လစဉ်ပေးသွင်းရပါမည်။

အပြီးသတ်စည်းကြပ်မှု့အရပေးဆောင်ခြင်း

- အပြီးသတ် စည်းကြပ်မှုအရ ပေးပို့လာသည့် ကုန်သွယ်လုပ်ငန်းခွန် အခွန်တောင်းခံလွှာ ပတခ(ကသခ) - ၁၇၊ ဝင်ငွေခွန်တောင်းခံလွှာ ပတခ( ဝင ) - ၈ အရ ထပ်မံပေးဆောင်ရမည့် အခွန်များကို အခွန်တောင်းခံလွှာပါသတ်မှတ်နေ့ရက်အတွင်း ပေးဆောင်ရပါမည်။
- အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ် (SAS) ရုံးများတွင် စည်းကြပ်မှုခံယူသည့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ အနေဖြင့် -
လုပ်ငန်းကတင်သွင်းသည့်(SAS)ပုံစံ ကြေညာလွှာသည် မှန်ကန်ပြည့်စုံကြောင်းအကြောင်းကြားသည့် Confirmation letter လက်ခံရရှိလျှင် ကြေညာလွှာတွင်ဖော်ပြထားသည့်အတိုင်း အခွန်ပေးသွင်းရမည်။