ကင်းလွတ်ခွင့်

၅။ အခွန်ထမ်း၏ရပိုင်ခွင့်များ(Right)

ကင်းလွတ်ခွင့်(Examption)

- အထူးကုန်စည် ၅ မျိုးမှအပ ကျန်အထူးကုန်စည်များ ပြည်ပတင်ပို့လျှင် အထူးကုန်စည်ခွန် မကျသင့်ပါ။
- ၂၀၁၈ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(က)ပါ ကုန်စည် ၈၆ မျိုးကို ထုတ်လုပ်၊ တင်သွင်း၊ ရောင်းဝယ်လျှင်ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။
- ၂၀၁၈ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄(ဃ)ပါ ဝန်ဆောင်မှု ၃၀ မျိုးကို လုပ်ကိုင်ဆောင်ရွက်လျှင် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။
- လျှပ်စစ်ဓါတ်အားနှင့်ရေနံစိမ်းမှအပ အခြားကုန်စည်များ ပြည်ပတင်ပို့ ရောင်းချလျှင် ကုန်သွယ်လုပ်ငန်းခွန် သုည ရာခိုင်နှုန်းသာ ကျသင့်ပါမည်။(၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၇)
- အစိုးရက အစိုးရအတွက်ချုပ်ဆို၍ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့်သူမှာ အစိုးရဖြစ်လျှင် တံဆိပ်ခေါင်းခွန်ကင်းလွတ်ပါသည်။