ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ်ကြေညာလွှာများအား သတ်မှတ်ကာလအတွင်းတင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ် ကြေညာလွှာများအား သတ်မှတ်ကာလအတွင်းတင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

၁။      နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ထိုက်သော ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှု ရငွေရှိသူများအနေဖြင့် သုံးလတစ်ကြိမ် ကြေညာလွှာကို သက်ဆိုင်ရာ သုံးလပတ်ကုန်ဆုံးပြီးတစ်လအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်း ရန် လိုအပ်ပါသည်။

၂။      အခွန်ကြေညာလွှာကို သတ်မှတ်ရက်အတွင်း တင်သွင်းနိုင်ခြင်းမရှိပါက အခွန်ဆိုင်ရာစီမံအုပ် ချုပ်မှုဥပဒေ ပုဒ်မ ၂၄ အရ အခွန်ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာအခွန်ရုံးသို့ လျှောက်ထားနိုင်ပါသည်။

၃။      ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ်ကြေညာလွှာပေးပို့ရန် ပျက်ကွက်လျှင် ငွေကျပ်တစ်သိန်း ကို ပေးဆောင်ရမည်ဖြစ်ပါသည်။

၄။      e-mail ဖြင့် ပေးပို့လိုသည့် အခွန်ထမ်းများအနေဖြင့် Fillable PDF File /Word File များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm တွင် Download ရယူ၍ အောက်ဖော်ပြပါ မိမိနှင့်သက်ဆိုင်သည့် အခွန်ရုံးအသီးသီး၏ e-mail လိပ်စာများသို့ ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်-

စဉ် ရုံးအမည် e-mail:/ ဖုန်း
(က) အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

e-mail: l[email protected]

၀၁-၃၈၄၅၁၂/၀၁-၃၈၄၇၉၇/

၀၁-၃၈၄၈၁၂

(ခ) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)

e-mail: [email protected]

၀၁-၃၇၁၇၄၄/ ၀၁-၃၇၁၀၆၁

(ဂ) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂)

e-mail: [email protected]

၀၁-၆၅၇၅၃၆/ ၀၁-၆၅၇၅၃၇

၀၁-၆၅၇၅၈၉

 

(ဃ) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၃) [email protected]
(င) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၄) [email protected]
(စ) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၅) [email protected]
(ဆ) မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင်စည်းကြပ်မှုခံယူနေသည့်အခွန်ထမ်းများ

[email protected]

[email protected]

[email protected]

၅။      ကြေညာလွှာကို စာတိုက်မှပေးပို့ခြင်းဖြစ်ပါက ပေးပို့သည့်စာတိုက်တံဆိပ်ပါရက်စွဲအား  တင်သွင်းသည့်နေ့ဟု မှတ်ယူမည်ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ဌာနက အီလက်ထရောနစ်နည်းဖြင့် လက်ခံရရှိသည့်နေ့အား တင်သွင်းသည်ဟု မှတ်ယူမည်ဖြစ်ပြီး ယင်းပေးပို့သည့်နေ့သည် အများပြည်သူရုံးပိတ်ရက်တွင် ကျရောက်ခဲ့ပါက ယင်းနေ့နှင့် နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူရုံးဖွင့်ရက်တွင် လက်ခံရရှိသည်ဟု သတ်မှတ်မည်ဖြစ်ပါသည်။

၆။      သုံးလပတ်ကြေညာလွှာပုံစံများဖြည့်သွင်းခြင်းနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးချက် Video File များကို www.ird.gov.mm > media တွင် လေ့လာနိုင်ပြီး ထပ်မံသိရှိလိုသည်များရှိပါက အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ရုံးအမှတ်၊ ၄၆ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၃၄၃၀၅၃၃ ၊ ၀၆၇-၃၄၃၀၅၂၂ သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

                         

 

                                                                                                  ပုံ (မင်းထွဋ်)

                                                                                            ညွှန်ကြားရေးမှူးချုပ်

          ပြည်တွင်းအခွန်များဦးစီးဌာန