ကာလလတ်အခွန်မြှင့်တင်ရေးစီမံချက်ရေးဆွဲရေးကိစ္စ ဆွေးနွေးခြင်း

နေပြည်တော် သြဂုတ်လ  ၁၆

              နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ Call Room တွင် ၁၆-၈-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)မှ အာရှ-ပစိဖိတ် တာဝန်ခံ Mr Juantora နှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် Mr.Gregory Topping (IMF Resident Revenue Advisor)တို့ တွေ့ဆုံ၍ ကာလလတ် အခွန်မြှင့်တင်ရေးစီမံချက်ရေးဆွဲရေး (Medium Term Revenue Strategy) ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။