တွေ့ဆုံပွဲကျင်းပခြင်း

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်သည် ၂-၈-၂၀၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ညောင်ပင်ကြီးစုရပ်ကွက်ရှိ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး ရုံး၌ ပြည်ထောင်စုနယ်မြေရှိ ဒုတိယဦးစီးမှူးနှင့်အထက်အဆင့် ဝန်ထမ်းဦးရေ(၆၀)အား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။