အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည်ဖော်ရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ ရုံးအမှတ် ၄၆ ရှိ ပြည်တွင်းအခွန်များဦးစီးဌာန သင်တန်းခန်းမတွင် ၂၆-၇-၂၀၁၈ နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်တွင်း အခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ဦးခိုင်လျံကျင့်ထံက ဦးဆောင်၍  ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ အကောင်အထည် ဖော်ရေး ကိစ္စရပ်များအား  ဆွေးနွေးခဲ့ကြပါသည်။