Ease of Doing Business အစီရင်ခံစာ၏ Paying Taxes Indicator ပါ အထောက်အကူပြုအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကျင်းပခြင်း

နေပြည်တော် စက်တင်ဘာလ ၆

နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၆-၉-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၃:၀၀နာရီ၌ Paying Taxes Indicator ပါအထောက်အကူပြုအဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ Paying Taxes Indicator ညွှန်းကိန်း တိုးတက်စေရေးနှင့်စပ်လျဉ်းသည့် ဌာနအဖွဲ့အစည်းအလိုက် ဆောင်ရွက်ဆဲ ပြုပြင်ပြောင်းလဲမှုများအား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ လူမှုဖူလုံရေးအဖွဲ့၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(မူဝါဒ)၊ စီမံချက်ရေးဆွဲကြီးကြပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။