ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခြင်း

နေပြည်တော်၊ ရုံးအမှတ် ၄၆ ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ သင်တန်းခန်းမတွင် ၁-၈-၂၀၁၈ ရက်နေ့ နေ့လည် ၂:၀၀ နာရီ၌ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအား ကျင်းပခဲ့ရာ ပြည်တွင်းအခွန် များဦးစီးဌာန ရုံးအမှတ် ၄၆ ရှိ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် မြို့နယ်အခွန် ဦးစီးဌာနမှူးသင်တန်း အမှတ်စဉ်(၆၃)မှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ဝန်ထမ်း အင်အား (၄၃၃)ဦး တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် စီမံရေးရာဌာနခွဲညွှန်ကြားရေးမှူးက စီမံရေးရာနှင့် သက်ဆိုင်သော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေနှင့်အညီ ရာထူးတိုးမြှင့်ခြင်းကိစ္စအား ရှင်းလင်းပြောကြား ခဲ့ပါသည်။