Post date: 01-06-2022

နေပြည်တော်၊ မေ လ ၂၆

   လစာဝင်ငွေခွန်နုတ်ယူပေးသွင်းခြင်းဆိုင်ရာ အထောက်အထားလက်မှတ် ပတခ(ဝင)-၁၅(က) နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအား ၂၆-၅-၂၀၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမ (Multi Hall) ၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Post date: 21-02-2022

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၁၇-၂-၂၀၂၂ ညနေပိုင်းတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်-၄၆ ၌ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ ပါသည်။ ထမနဲထိုးပြိုင်ပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းသားများနှင့် ဝန်ထမ်းများ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါသည်။

Post date: 10-02-2022

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

   ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်၌ ၈-၂-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် မြို့နယ်အခွန်ဦးစီး ဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၇၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

Post date: 01-07-2021

၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဉပဒေကို ပြင်ဆင်သည့်ဉပဒေအရ စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ် အခွန်စည်းကြပ်သည့်ကိစ္စများဆောင်ရွက်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို နေပြည် တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၈-၆-၂၀၂၁ ရက်နေ့ ၁၅:၃၀ နာရီ၌ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့  ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးများ၊ ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး၊ အခွန်ဆိုင်ရာဝန်ဆော

Pages